ကမ္ဘာကိုယ်ကိုင် လူပ်မဲ့ လူငယ်များသို့. ပေးစာ
"ထလော့ မြန်မာ ,နိုးကြားကြလောလူငယ်.."
အားလုံးသောချစ်မိတ်ဆွေများ မင်္ဂလာပါခင်ဗျာ..
အခုရေးတင်မဲ့အကြောင်းအရာလေးကတော့ မြန်မာပြည်ရဲ့ အဓိက နည်းချက်ဖြစ်တဲ့ လူမူ့ရေးအပိုင်းပါ။ ကျန်တော်တို့မြန်မာလူမျိုးတွေဟာ တစ်ပါးနိင်ငံတွေနဲ့စာရင် လူဆင်းရဲ စရင်းဝင်နေပါတယ် ။ ကျွန်မျိုးဖြစ်ခဲ့တဲ့ အဖြစ်ကို ကျန်တော်တို့ ကျွန်ဘဝနဲ့ပဲ ထာဝရ ရှိစေတော့မှာလား? ။ အရာရာမှာ သူများတွေထက်နိမ့်ကျစွာ နေနိုင်မှာလား...
ဒီမေးခွန်းတွေရဲ့အဖြေက သင်တို့အပေါ်မူတည်ပါတယ်..
လက်ရှိမြန်မာပြည်မှာ ဆင်းရဲမွဲတေမူ့ လျော့ချနိင်ရန်ကြိုးစားနေကြသော်လဲ မအောင်မြင်ကြပါ။
ဒါဘာကြောင့်လဲ..
အဓိကကတော့ စိတ်ဓာတ်ရေးဆိုင်ရာမှာ အားနည်း..
အသိပညာဗဟုသုတု အားနည်းမူ့တို့ကြောင့် ဘယ်လောက်ပြင်ပြင် အဟောင်းတိုင်းသာနေ၏။နောက်တစ်ချက်က ကြီးနိင်ငယ်ငြည်း လက်ပေးလက်ယူတွေလဲ ရှိနေသေးသည်..
တစ်ဦးအဆင်မပြေရင် တစ်ဦးက အမြင်မကြည်တာမျိုးတွေလဲရှိနေသေးတယ်..
ကိုယ်တိုင်ကြတော့လဲ ဦးမဆောင်
တစ်ခြားဦးဆောင်နိင်သူတွေတွဲခေါ်တော့ အပြစ်ပေါသောသူများလဲ အများအပြားပင်..
ဒီလိုဒီလိုတွေနဲ့အဘယ် မြန်မာပြည် ရှေ့တိုးနိင်မည်နည်း..
တစ်ဦးတစ်ယောက်ခြင်းစီကမှမပြင်ရင် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပါ
ကို သင်တို့ မြဲမြဲ မှတ်ထားပါ.
သူများနိင်ငံတစ်ကာတွေက နိင်ငံကြီးသာပီသစွာ နေထိုင်ကျင့်သုံးနေကြစဉ်မှာ ကျန်တော်တို့လူမျိုးကတော့ အခုအချိန်အထိ အမှိုက်စဉ်းကမ်းမဲ့ ပစ်ခြင်း တားမြစ်ခြက်များအလေးမထားခြင်းများရှိနေသေး၏။
အလုပ်အကိုင်ဘက်ကြည့်မိပြန်တော့ သူများနိင်ငံတွေမှာ နေညမပျက် ကြိုးစားနေချိန်မှာ ကျန်တော်တို့လူမျိုးကတော့ လက်ဖက်ရည်ဆိုင်မှာ လေကန်လို့ ကောင်းတုန်း..
ဒီလိုမျိုးကြိုးစားမူနဲ သင်အောင်မြင်သော လူတစ်ယောက်ဖြစ်ရန် ၃၀% ခန့်ပင်မမြင်ပါ..
တချို့များကြတော့လဲ ကြိုးစားကြပါတယ်..
ဒါပေမယ့် ခုရ ခုကုန် စုစုဆောင်းဆောင်းမရှိပေ..
ဒီလိုမျိုးတွေနဲ့ ဘယ်လို သင်အောင်မြင်နိင်မှာလဲ..
တစ်ချို့များကြတော့လဲ မကောင်းသောနည်းတွေနဲ့ကြိုးစားနေသောသူများလဲရှိသေး၏။
ပြောလိုတာက သင်အဓိကအောင်မြင်ကြီးပွားသောလူဖြစ်ခြင်က အများ တွေထက် သင်ပိုကြီးစားရမည်..
မကြိုးစားပဲနဲ့တော့ သင်အောင်မြင်မူ့ကိုမရနိင်ပါ..
နောက်တစ်ခုက သင့်ဘဝရည်ရွယ်ချက် ခိုင်မာစွာ ထားရှိရမည်..
ထားတဲ့အတိုင်းလဲကြိုးစားရမည်...
နောက်တစ်ခုက ငွေကျေးစုဆောင်းရမည်..
တစ်ချို့ကပြောကြတယ်.. ရတဲ့ နစ်ပဲတစ်ပြား ဘယ်လိုစုရမှာလဲတဲ့..
ဒီလိုပြောနေမယ်ဆိုရင် သင်ဘယ်တော့မှ စုမိမည်မဟုတ်ပါ.. နစ်ပဲတစ်ပြားလေးမှ မစုတက်ရင် များများစားစားစုဖို့ သိမ်းထားဖို့ဆိုတာအဝေးကြီး...
နောင်တစ်ချက်က မိမိလျောက်လှမ်းမဲ့ ခရီးလမ်းမှာ အမြဲ အဆင်မပြေနေဘူးဆိုတာ သင်ကိုယ်တိုင်လက်ခံထားပါ။
အရုံးကြုံလာခဲ့သော် လက်ခံနိင်အောင်ကြိုးစားပါ..
အရုံးမပေါ်လိုရင်တော့ ဘာပဲလုပ်လုပ် သေခြာဂဂနန စဉ်းစားပြီးမှလုပ်ပါ။
စိတ်မြန်ကိုယ်မြန်လုပ်မိတာမျိုးမဖြစ်စေပါနဲ့..
ရလာမဲ့အရုံးတွေထဲကမှ သင်ခန်းစာယူတက်အောင်ကြိုးစားပါ...
နောက်တစ်ခု က သင့်ဘဝခရီးလမ်းကို အမြဲဖြူစင်စွာ ဖြတ်သန်းပါ..
ဒီလိုကြိုးစားရိုးသား
ခြွေတာစုဆောင်း တက်မယ်ဆိုရင် ဘဝကံဆိုတာ မိမိရဲ့လက်ထဲမှာပါ..
သင်ကြိုးစားရင်ကြိုးစားသလို အောင်မြင်မှာပဲ..
ဒါပေမယ့် အောင်မြင်မူ့ဆိုတာလွယ်လွယ်နဲ့ မရနိင်တာကိုတော့ သင်လဲသိမှာပါ..
ဒါပေမယ့်သင် လျောက်လှမ်းမူပေါ်မူတည်၍ အောင်မြင်မူဆီသင်ရောက်မှာပါ..
" သင်ဘဝ တစ်ခြောက်အောင်မြင်မူပေါင်းများစွာကို အရယူနိင်ပါစေလို့ ကျန်တော်ဆုတောင်းပေးပါတယ်.."
အားလုံးကိုလေးစားစွာဖြင့်...
( ตู่. )
¤¤¤ ကြိုဆိုပါ၏မိတ်ဆွေ ¤¤¤
♡♡ โซตู่ ♡♡
http://softwarenantaw.blogspot.com http://soelaycupid.blogspot.com
Comments
Post a Comment