စိတ်အကြောင်း



   ***   စိတ်   ***

အားလုံပဲမင်္ဂလာပါခင်ဗျာ

အခုပြောမဲ့အကြောင်းအရာလေးကတော့

 လူရဲ့ **  စိတ်  **  အကြောင်း

ကျန်တော်သိသလောက် ရေးထားတာပါခင်ဗျာ။

      ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြသော လူအပေါင်း

တို့သည် ထို စိတ် ရဲ့ ခိုင်းစေမူ့နဲ့ ရှင်သန်နေထိုင်ကြတယ်။

ဥပမာ ၊

   စားခြင်စိတ် ၊  သောက်ခြင်စိတ် ၊  သွားခြင်စိတ် ၊

လည်ခြင်စိတ် ၊ မြင်ခြင်စိတ် စစသော စိတ်ရဲ့ အလိုရှိရာ

ခိုင်းစေရာကို လုပ်နေကြရတယ်။

     ကျန်တော်လေ့လာကြည့်မိသလောက်တော့

လူတစ်ယောက်ရဲ့ တစ်ဘဝလုံးကို စိတ်က 80% ခန့်

နေရာယူ စိုးမိုးထားတယ်။

ဒါကို လူတွေက တွေးမိကြမည်ဟုတ်ပါ။

     ထိုသို့သော စိတ် ရဲ့စိုးမိုးမူ့အောက်တွင် လူတွေဟာ

ရှင်သန်နေထိုင်ကြရတယ်။အခု သူငယ်ချင်းတို့ကို ပြောလိုတာ

က စိတ်ရဲ့စိုးမိုးမူ့ကို တက်နိင်သလောက် ကြိုးစားပြီးပြေးထွက်

ပါ။
   
       လေ့လာတွေ့ရှိချက်အရ စိတ်သည် ကောင်းရာထက်

မကောင်းမူ့ကို အားပေးတယ်။မကောင်းမူ့ဆို စိတ်က

လုပ်ခြင်အောင် လှုံ့ဆော်ပေးတယ်။မကောင်းမူ့လုပ်ရာမှာ

လူကို ကျေနပ်စေပြီး ကောင်းတာလုပ်ရာတွင် စိတ်မပါသလို

လို လုပ်ပဲမရသလို ထင်ကရဖြစ်စေတယ်။

ကမ္ဘာပေါ်မှ လူတွေအားလုံးသည် စိတ်ရဲ့ ခိုင်းစေမူ့ကြောင့်ပဲ

မမှားသင့်တာမှား၊ မလုပ်သင့်တာလုပ်၊မယူသင့်တာယူလို့

ဒုက္ခရောက်ကြရတဲ့ သာဓကတွေ အများအပြားပင်။

စိတ်လိုလိုက် ဘဝပျက်ရတဲ့ ဘဝတစ်ချို့လဲ ရှိကြ၏။

မိမိစိတ်ဆောင်ရာ လိုက်၍ ကျေးဇူးရှင်ကို မပြစ်မှားသင့်

ပြစ်မှားကြတဲ့ ဘဝတစ်ချို့ကိုလဲတွေ့ဖူးတယ်။

စိတ်ရဲ့လိုအင် လောဘမက်လို့ အမှားတွေကြောင့်

စီးပွားပျက်ကြရတဲ့ စီးပွားရေး သမားတွေလဲရှိကြတယ်။

သင်သာမိမိစိတ်ကို အလိုမလိုက် ထိန်းထိန်းသိမ်းသိမ်း

 စဉ်းစားချင့်ချိန် နေမယ်ဆိုရင် အမှားတွေနဲလာမှာ အမှန်ပင်။

အခုသင်သဉ်းစားကြည့်ပါ

သင်မှားခဲ့ဖူးသောအမှားတွေရဲ့ အစကို။

အဖြေထွက်လာလိမ့်မည် စိတ်ကြောင့်ပင်။

စိတ်ရဲ့လိုအင်တွေ တောင်းတမူ့တွေ လိုအပ်သမျှကို

သင်လိုက်လုပ်ပေးရင်း သင်မှန်တာတွေလုပ်မိသလို

အမှားတွေလဲ ရှိလိမ့်မည်။ဒါပေမယ့် အမှားက ပို၍များ

နေလိမ့်မယ်။

      ဒါကြောင့် ချစ်သူငယ်ချင်းတို့ခင်ဗျာ

အခုချိန်မှစလို တစ်ခုခုလုပ်တော့မယ်ဆို မလုပ်ခင်

လုပ်သင့်မလုပ်သင့် စဉ်းစားပါ၊

စိတ်စေခိုင်းရာ လုပ်နေမယ်ဆိုရင် သင်ဘဝ

ရေတိမ်မှာနစ်မွန်းရပါလိမ့်မယ်။

     စိတ်ကမိမိကို စေခိုင်းခြင်းထက်

မိမိက စိတ်ကို စေခိုင်းရတာမျိုးဖြစ်အောင်

ကြိုးစားပါမိတ်ဆွေ။ သင်ဘဝအတွက် အကြိုးထူး

ခံစားရပါလိမ့်မယ်ခင်ဗျာ။

အားလုံးပဲ လာလည်သူအပေါင်း ကျန်းမာချမ်းသာလို့

လိုရာဆန္ဒအဝဝ  ပြည်စုံလို ကြိုးစားသမျှအောင်မြင်ပါစေ

ချစ်သူငယ်ချင်းတို့ခင်ဗျာ။

ကျေးဇူးပါခင်ဗျာ

<<< http://soelaycupid.blogspot.com >>>
           ♡♡♡  ကြိုဆိုပါ၏မိတ်ဆွေ ♡♡♡
                   ☆☆☆  โซตู่  ☆☆☆


ပြောမှားဆိုအမှားတွေပါခဲ့ရင်ခွင့်လွတ်ပေးပါခင်ဗျာ

     *** စိတ်ကြောင့်ကျင်လည်ပုံ  ***

  လူပြည် နတ်ပြည် ဗြဟ္မပြည် ကျင်လည် စိတ်ကြောင့်သာ

    အပါယ်လေးပါး ကျသူများ မှတ်ကြစိတ်ကြောင့်သာ

 ကောင်းဆိုးယုတ်မြတ် ဖြစ်လာတက်

မှတ်ကြစိတ်ကြောင့်သာ

မြတ်သောနိဗ္ဗာန် ဤနေရာ စိတ်ဆောင်ရောက်မည်သာ


Comments

Popular posts from this blog

Birthday