ချစ်သူနစ်ဦးရဲ့အနာဂါတ်

အားလုံးသောသူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ
     အခုတင်မဲပို့လေးကတော့ လက်တွေ့ ကျန်တော်ဝန်းကျင်မှာတွေ့နေရတဲ့အဖြစ်လေးကိုတွေ့တာနဲ့ရေးမိတာပါ။
   အမှားတစ်စုံတစ်ရာတွေ့ပါရင် ခွင့်လွတ်ပါခင်ဗျာ။

          " *ချစ်သူနစ်ဦးရဲ့အနာဂါတ် * "

အခုကျန်တော်သူငယ်ချင်းတွေထဲမှာ အပျိုလူ
ပျိုတွေ အိမ်ထောင်ရှင်တွေ ရှိကြမယ်ထင်ပါတယ်။ တစ်ချို့လည်း ကလေးတွေတောင်ရနေလောက်ပါပြီ။
ခ်ခ်
  လူပျိုကြီးက ဒီအကြောင်းတွေပြောလို့ လူပျိုကြီး  အခုမှ လိုခြင်တာလားလို့ ထင်တော့ မထင်လိုက်ပါနဲ့နော်။ခ်ခ်.....
       တကယ်တော့ လူပျိုကြီးလဲ ရှာနေဆဲပါ .....တိန်.......
တစ်မျိုးမထင်ပါနဲ့နော် စာဖက်ရင်းပြင်းနေမလားတွေးမိတာနဲ့ ဟာသဖောက်ကြည့်တာပါခင်ဗျာ.....
       အခုပြောမဲ့ အကြောင်းလေးက သူငယ်ချင်းတို့ခင်ဗျား အချစ်ကို မကစားကြပါနဲ့ခင်ဗျား။အသိအမတွေ သူငယ်ချင်းတွေတစ်ချို့ ကျန်တော်ရှေ့မှာ ကြုံတွေရတာတွေကို တခြားသူငယ်ချင်းတွေလဲ မကြုံတွေ့စေလို။ အချစ်ကိုယုံ ဘဝပုံကာမှ ဘဝပျက်ရတဲ့ သာဓကတစ်ချို့လဲရှိပါတယ်။မချစ်နဲ့ လို့ပြောတာမဟုတ်ဘူးနော် ။လူမှန်ရင် အချစ်နဲ့မကင်းတာ ကျန်တော်လဲနားလည်ပါတယ်။ဒါပေမယ့်ဗျာ အချစ်ကို ကြိုက်တာလေးတစ် ခုနဲ့ မရွေးချယ်လိုက်ပါနဲ့ ။ မိမိကြိုက်တဲ့သူရဲ့ နောက်ကြောင်း သူရဲ့စရိုက်လေးတွေ သိအောင်လုပ်ပြီးမှ မိမိရဲ့လက်တွဲဖော် မိမိတကယ် ဘဝတစ်သက်စာ လက်တွဲနိင်မယ်ထင်မှ ရွေးခြယ်သင့်ပါတယ်။ တကယ်လို့သင်ကြိုက်တစ်ခုထဲနဲ့ရွေးခဲ့မယ်ဆိုရင် နောက်မှ ချစ်သူရဲ့ အမူအကျင့် ကိုမကြိုက်ရင် သင် ခံစားရလိမ့်မယ်။ယောင်္ကျားလေးဆိုလဲ ယောင်္ကျားလေး မိန်းကလေးဆိုလဲ မိန်းကလေး လူပျိုအပျိုဘဝမှာ ဆင်ဆင်ခြင်ခြင်လေးနေသင့်ပါတယ်။သင်တစ်ချက်လေး ခြေချော်တာနဲ့ ခြေပြန်နှတ်မရအောင် ဖြစ်နိင်တဲ့အတွက် ဆင်ဆင်ခြင်ခြင်လေးတွေ နေသင့်ပါတယ်။ သင်တို့ မဆင်မခြင် နေက အပျို လူပျို ဘဝတွင် အမှားတွေ ကို ကြူးလွန်မိပါလိမ့်မယ်။သင်မကြူးလွန်သည့်တိုင် အမှား ကြူးလွန်သူက သင့်ကို အမှားပြုစေလိမ့်မယ်။သင့်ဘဝ အတွက် အမှားကင်းအောင် ဆင်ခြင်နေစေလိုပါတယ်ခင်ဗျာ။
     အခုပြောလိုတာက လိုရင်းခေါင်းစဉ်လေးအကြောင်းပြောပါမယ်။ 
     " ချစ်သူနစ်ဦးရဲ့အနာဂါတ် "
အပေါ်မှာပြောခဲ့သလို ကြိုက်တာလေးတစ်ခု ထဲနဲ အချစ်ကိုရွေးချယ်ခဲရင်  သင်နောင်တစ်ချိန်သင့်ရဲ့ ချစ်သူ အမှား တွေ သင်မကြိုက်တာတွေ ရှိနေရင် ခွင့်လွတ်ပေးနိင်ဖို့ တစ်ခါထဲ ဆုံးဖြတ်ထားပါ။ တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးနိင်ရန် ကြိုးစားပါ။
စိတ်ထဲရှိတာမရှင်းလင်းတာကို နစ်ယောက် ရန်တွေ့ခြင်းမဟုတ်ဘဲ စားကွဲဝိုင်းပေါ်မှာ ဖြေရှင်းပါ ။ဘေးစကား ယုံသင့်မှ ယုံပါ။မိမိချစ်သူအပေါ် သစ္စာရှိပါ။ အခုပြောတာ အိမ်ထောင်ရှင်သူငယ်ချင်းတွေ ကို ပြောတာပါ။ တကယ်လို့ သင် ချစ်လိုယူထားသော ချစ်သူကို နားလည်မပေး ပြသနာဖြစ်တိုင်း ကြိတ်ခံစားနေပါလျင်တစ်နေ့ သင်ပေါက်ကွဲလာလိမ့်မယ်။သင်စိတ်ဟာ ထိန်းမရသိန်းမရ ဖြစ်သွားပါလိမ့်မယ်။ဒီလိုနဲ့  သင် တို့နစ်ယောက်ရဲ့အချစ် က လွယ်လွယ်ကူကူနဲ့ ပျက်စီးသွားပါလိမ့်မယ်။
  မိသားစုဘဝ ကလေးတွေ ရှိသော ဘဝတွေဆို ပိုလို့ဆိုးပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မိမိချစ်သူ
မိမိဇနီး၊ယောင်္ကျားကို နားလည်ပေးနိင်အောင်ကြိုးစားပါ။
   အခုကျန်တော်ဝန်းကျင်မှာတွေ့ရတဲ့ အသိအမတစ်ယောက်ရဲ့ သားစုဘဝကတော့ ဘယ်လိုပြသနာတွေရှိမှန်းမသိပေမယ့် မိဘနစ်ပါးရဲ့ အဆင်မပြေမူ့ကြောင့် သားငယ်ဟာ ပညာရေး မှာ လူမူ့ရေးမှာ အရာ ရာ အဆင်မပြေ ပညာသင် ချိန်မှာပညာမသင်ရ။တကယ်လို့ မိဘတွေ သာ အဆင်ပြေပြေ ညှိ့ညှိ့နိင်းနိင်း တစ်ယောက်အပေါ်တစ်ယောက်နားလယ်မူ့ရှိတယ်ဆိုရင်လို့တွေးမိတိုင်း ကလေးရဲ့ ဘဝကို သနားမိတယ်။
     ထက်ဆင့်အိမ်ထောင်ရှင်ကလေးရှိသူငယ်ချင်းတို့ကိုပြောလိုတာက သင်မိဘကပေးစားလို့ယူယူ
သင်ကြိုက်လို့ပဲယူယူ အကြောင်းအမျိုးမျိုးကြောင့်ယူယူ အိမ်ထောင်ရှင် အိမ်ထောင်သည် ဖြစ်လာပြီဆိုရင် မိမိဇနီးမယား ယောင်္ကျားကို နားလည်ပေးနိင်အောင်ကြိုးစားပါခင်ဗျား။
သင့်ကြောင့် သင့်ကလေးစိတ်ထိခိုက် အများအလည် အရှက်ရစေအောင်မလုပ်မိအောင်ဆင်ခြင်ကြပါခင်ဗျာ။ကလေးတွေရဲ့ဘဝဆိုတာ ဖြူဆင်လွန်းလှပါတယ်။သူတို့လေးတွေရဲ့ စိတ်လေးတွေကို အနာတရမဖြစ်အောင် ဂရုစိုက်ပေးကြပါခင်ဗျား။အခုရေးတင်ပြောရတာလဲ ကလေးတွေရဲ့ဘကို သနားမိတာနဲ့
ကမ္ဘာပေါ်က မိသားစုချစ်သူအားလုံး အမုန်းကင်း အမှားကင်းပြီး သာသာယာယာ သိရိဂေဟာလေးတွေ ဖန်တီးနိင်ရန် ဆုတောင်းရင်း ဒီနေရာလေးကဲ ပို့လေးကိုအဆုံးသက်ခွင့်ပြုပါခင်ဗျာ။

  (  " အမုန်းကင်းကွာ မိသားစုကမ္ဘာ

ရပါစေကြောင်း ကျန်တော် ဆုတောင်း...."   )
  
ချစ်သူနစ်ဦးရဲ့ အနာဂါတ်ဟာ
      သာယာပျော်ရွင်တဲ့ မိသားစု
          ကမ္ဘာလေးပါ....
သာယာပျော်ရွင်သော မိသားစုလေး
     ဖြစ်ခြင်တယ်ဆိုရင် ချစ်သူနစ်ဦး
         တစ်ယောက်ကို တစ်ယောက်
              နားလည်ပေးဖို့လိုတယ်
                  ခွင့်လွတ်ပေးဖို့ လိုတယ်။
  အမှားပါရင်ခွင့်လွတ်ပါခင်ဗျာ....
       ကြိုဆိုပါ၏မိတ်ဆွေ
    *****  chitthu *****
👪💑http://soelaycupid.blogspot.com💑👪


Comments

Popular posts from this blog

Birthday