2016သင်္ကြန်စာ ချစ်သူငယ်ချင်းများသို့









        ♡♡♡  2016သင်္ကြန်စာ ♡♡♡

မင်္ဂလာပါချစ်သူငယ်ချင်းတို့ခင်ဗျာ

မကြခင်အချိန် တစ်လကျော်လောက်ဆို

မြန်မာတို့ရဲ့ အတာသင်္ကြန် ပွဲလေးဟာဖြင့်

ပြန်လည် နီးဆပ်လာပါပြီခင်ဗျာ။

စိတ်ထဲမှာ ဟို့အရင်အရင် နစ်တွေတုန်းက

ကြည်နူးခဲ့သမျှကို တွေးကာနေရင်း ကြည်နူး

ပျော်ရွင် ရင်ခုန်နေကြမှာ အမှန်ပင်။

     ဒီလိုပျော်ရွင် စောင့်မျှော်နေသူတွေ

ရှိသလို တွေးပူနေကြသူတွေလဲ ရှိကြသည်။

ထိုသူတွေက မည်သူတွေဖြစ်မည်နည်း။

       မိဘ၊အဘိုးအဘွားတွေပင်

အဘယ်ကြောင့်ဆိုသော် အခုခေါတ်အခါအရ လုပ်သား

ပြည်သူ လူအများတို့သည် ရေကစားရာမှာ အလွန့်အလွန်

စည်းကမ်းပျက်လာပြီ၊။

    ဒီအပြင်
          စည်းကမ်းမဲ့ ယာဉ် ၊မော်တော်ဆိုင်ကယ်တွေလဲ

အစမတန်ပေါများလာတယ်။ပိုဆိုးတာက မြန်မာရိုးရာ

အတာသင်္ကြန်ဟာ အရင်နဲ့မတူတော့ပဲ နစ်ဟောင်း

ကအညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောမယ်

ဆိုတဲ့စကားလေးဟာပျောင်ကွယ်သွားပြီး အညစ်အကျေး

တွေကို မဆေးတဲ့အပြင် နစ်သစ်ကိုပါ သယ်ယူနေကြလေပြီ။

တစ်နေကုန်သောင်စား မူးအောင်သောက်ပြီး ဆိုင်ကယ်တွေ

ကို မကြောက်မရွံ့ လူရူပ်ရာနေရာတွေမှာ အရိုန်တွေနဲ့မောင်း

လူတွေစည်ကားရာအရပ် မန်းတပ်တွေမှာ ကြိတ်ကြိတ်တိုးပြီး

က တစ်ယောက်နဲ့တစ်ယောက် ထိမိခိုင်းမိရင် ရန်ဖြစ်။

တစ်ခါတစ်လေ တစ်ယောက်ထဲမဟုတ် အဖွဲ့လိုက်တွေ

ရန်ပွဲတွေ ကြည်မကောင်းအောင်ပင်။

ဒီကြားထဲ ပေါလိုက်တဲ့ အရက်ဆိုင်တွေ

နေရာအနှံ့နီးပါးပါပဲ။

မူးမူးပြီး မဆင်မခြင် ယဉ်မောင်းလို့ ယဉ်တိုက်မူ့တွေ

တွေ့တွေ့နေရတာ ဝမ်းနည်းစရာပါ။ပိုလို့ဆိုးတာက

အတာသင်္ကြန်မှာ ကလေးတွေကပါ ပါဝင်နေတော့

ကလေးတွေကို ယဉ်တွေရဲ့ရန်က ကင်းအောင်

မစွမ်းနိင်ကြတာပါပဲ။

     တစ်ချို့ဆို ကလေးငယ်တွေကို အသောက်အစားသင်ပေး

တဲ့သူတွေလဲတွေ့ဖူးတယ်။ ရင်လေးတယ်ဗျာ

ဒီအရူးဆေးမြန်မာနိင်ငံကို ရောက်လာတာ နိင်ငံနာတယ်။

ပြည်သူတွေ ကို စီးပွားဖျက်တယ်။ ဘဝတစ်ချို့ကိုဖျက်

စီးတယ်။

         နောက်ထက်ရင်နာစရာကောင်းတာတစ်ခုက

သင်္ကြန်အချိန်ခါမှာ မိန်းကလေးတွေဘဝတွေ လူံခြုံမူ့

ကင်းနေတာပဲ။ဆိုလိုခြင်တာက အပျော်လွန်ပြီး သိက္ခတွေ

အရှက်တွေမေ့ကုန်ကြတာပါပဲ။

ဝမ်းနည်းတယ်သမင်ပျိုငယ်တို့ရယ်။

သင်္ကြန်ချိန်ခါမှာ ဘဝပျက်ကြရတဲ့ နမူနာတွေလဲ ရှိကြတယ်။

မိန်မငယ်လေးတို့ကို ကျန်တော် စေတနာသန့်သန့်နဲ့ ပြော

လို မှာကြားလိုတာက နစ်ရက်၊သုံရက်လောက်ပျောရွင်မူ့ဟာ

တစ်ဘဝတာ အမှားမရှိစေဖို့ ဆင်ခြင်တုံတရားနဲ့ သတိအမြဲ

ရှိပါခင်ဗျာ။
      **ပျော်လွန်းရင် ငိုစရာကြုံတွေ့ရတက်တယ်တဲ့ **

စကားပုံလေးကို သိကြဖက်ဖူးကြမှာပါ။

ချစ်သူငယ်ချင်း ယောက်ျားလေး အသိမိတ်ဆွေများကိုလဲ

အကြံလေးပေးလိုတာက

          ** အရက်ကို ရှောင်နိင်ရင်ရောင်ပါ မရှေင်နိင်ရင်လဲ

အသိ/သတိဘယ်တော့မှလွတ်စေပါနင့်၊ ယဉ်များစီးနင်းရာမှာ

လဲလူစုလူဝေးနေရာတွေမှာယဉ်ကိုသတိထားပြီး စီးနင်းပါဗျာ*

အားလုံးသောသူငယ်ချင်းတွေကို နစ်သစ်လေးမှာ

အသက်ရှည် ကျန်းမာ ချမ်းသာ လို့ သာယာပျော်ရွင်သော

အိမ်မက်ခရီးလမ်းလို ပိုင်ဆိုင်နိင် သူဖြစ်ပါစေကြောင်း

ကျန်တော် ☆☆  ချစ်သူ   ☆☆
                                မှ
                                  ဆုမွန်တောင်းပေးပါတယ်ခင်ဗျာ

<<< http://soelaycupid.blogspot.com >>>
                 ×××  ကြိုဆိုပါ၏ မိတ်ဆွေ  ×××
                          ***  ชิศตู่  ***
 
     


Comments

Popular posts from this blog

အနာဂါတ်အတွက်ကြိုတင်ပြင်ဆင်ပါ