ချစ်သူငယ်ချင်အားလုံးအတွက်
အားလုံးပဲမင်္ဂလာပါခင်ဗျာ
အခုတင်မဲ့ပို့လေးပတော့ ကျွန်တော်ဝန်းကျင်
အနီးအနားတစ်ဝိုက်က လူတစ်ချို့ရဲ့အကြောင်း
လေးပါ။အတင်ချတယ်လို့တော့မထင်စေလို။
<< ဘဝ >>
ကျန်တော်ပြောသောသူသည် အရမ်းချမ်းသာချင်သည်။
ဘဝကြီးကို ပျော်ပျော်ရွင်ရွင် သူသယ်ချင်းတွေနဲ့ ဆွေမျိုး
မိဘတွေနဲ့ကုန်ဆုံးခြင်တယ်။ဒါကတော့ သူတင်မဟုတ်ပါဘူး
သက်ရှိလူအားလုံးလဲ အဲ့လိုနေခြင်ကြမှာပါ။ ဒါပေမယ့်ဗျာ
သူက စိတ်အားကထက်သန်သလောက် လူကမလိုက်နိင်ဘူး
ဒီတော့ သူဘဝကြီးဟာ မအောင်မြင်ဘူးလို့မဆိုပါ
တစ်နေ့အောင်မြင်မှာပါ။ ကျန်တော်ပြောလိုတာက
ကျန်တော်တို့၏မိဘများသည် လူချမ်းသာမျိုးရိုးမဟုတ်
ဝန်ထမ်းတွေပါ။ ဒါကြောင့် မိမိဘဝတိုးတက်လိုလျှင်
အနစ်နာခံရမည်၊ စိတ်ရှည်ရမည်၊ သည်းခံရမည်၊ ဇွဲရိရမည်။
အဲ့လိုမှမဟုတ်ဘဲ လူကသာ ဘာလုပ်မယ်ညာလုပ်မယ်
ကြွေးကြော်နေ မကြိုးစား စုဆောင်းချွေတာမူ့မရှိရင်
မိမိရည်မှန်းချက်ကလည်း အသက်ကြီးမှ ပြည့်နိင်ပါလိမ့်မယ်။
သူငယ်ချင်းတို့ကို အခုပိုလေးကနေပြောလိုတာက
လောကကြီးမှာ တစ်ခုလိုလျင်တစ်ခုကို့စွန့်ရတာ သဘာဝပါ။
အခုလိုအချိန်မှာ သင်ကြိုးတော့ကြိုးစားပါတယ် ဒါပေမယ့်
စုဆောင်ချွေတာမူ့မရှိရင် သင်ရည်မှန်းချက်ကို သွားဖို့
လမ်းဟာ ဝေးသွားပါလိမ့်မယ်။
တကယ်ဖြစ်ခြင်ရင် အဟုက်လုပ်ပါ တစ်နေ့ဖြစ်ရမည်။
သင်ရှာသမျှစုဆောင်းထားခြင်းမရှိဘဲ သူဌေးသုံး ဖြုန်း
နေမယ်ဆို သင်ဘဝအောင်မြင်မူ ပန်းတိုင်ဆီ အချိန်တွေကြာ
စောင့်ပြီးမှ ရောက်ပါလိမ့်မယ်။
အခုပို့လေးနဲ့ပတ်သက်ပြီး ချစ်သူငယ်ချင်းတွေကို ပြော
ပြလိုတာကလောကကြီး ဘဝကြီးထဲမှ အလွန်အဖိုးတန်
သော အချိန်နဲ့ နာရီးတွေကို ကုန်ဆုံးသမျှ
အမြတ်ထွက်အောင်ကြိုးစာပါလေ။
နောက်တစ်ခုက အခုအချိန်မှာ ကျန်တော်တို့ သူများခိုင်းတာ
လုပ်နေရပေမယ့် နောင်မလုပ်ရအောင်ကြီုးစားပါ။
ဘဝကြီးအတွက် မိမိလုပ်မဲ့ ရည်ရွယ်ချက်တစ်ခုသက်မှတ်ပါ။
မိမိသက်မှတ်ထားသလိုဖြစ်လာစေရန် ပတ်သသမျှကို လေ့
လာပါ။စူးစမ်းပါ၊။ မလုပ်သေးသည့်တိုင် စဉ်းစားပါတွေးခေါ်ပါ။
စဉ်းစားတဲ့အကျင့်လေးဖစ်အောင်ကျင့်ကြံပါ။
သင့်ဘဝ
သင်သာအမှန်တကယ် သင့်ဘဝရဲ့ရည်မှန်းချက်တွေ
ကို တစ်နေ့အကောင်အထည့်ဖော်ဆောင်ရမှာပါ ။
ဘယ်သူမှ လာလုပ်ပေးလို့မရပေ။
တကယ်ကြိုးစား အောင်မြင်တဲ့
စီးပွားရေးပညာရှင်များဖြစ်ကြပါစေခင်ဗျား .။။
ယခုစာလေးသည့် ရေးရခြင်းရည်ရွယ်ချက်ကတော့
တစ်စုံတစ်ယောက် ကိုထိခိုက်စေခြင်၊နာကျင်စေခြင်လို့
မဟုတ်ပေ။ အားလုံးဘဝတွေကို မြင့်တင်စေလိုသည်။
ယခုကျန်တော်ဝန်းကျင်မှာ တွေ့ရှိရသော သူတစ်ချို့သည်
အချိန်ကုန်လို့ အသက်တွေ ကြီးပြင်းလာပေမယ့် တို့တက်မူ့က
မတွေ့ရပေ။ နစ်တွေအတော်ကြာအောင် သူဌေးတွေကို
အလုပ်အကျွေးပြုနေကြတယ်။
ထိုလိုသူငယ်ချင်းတွေအတွက် လမ်းမှန်ကို မြင်စေခြင်လို့ပါ။
တစ်ချို့ဆို နစ်တွေကြာကြာသူများနိင်ငံမှာ လုပ်နေပေမယ့်
တစ်ကယ်ပြန်မယ်လဲဆိုရော လမ်းစရိတ်ပဲ ကျန်တဲ့
သူငယ်ချင်းတွေလဲ တွေ့ဖူး၏။
အားလုံးပဲသူငယ်ချင်းများခင်ဗျာ ကျန်တော်သည်
အကိုတို့ထင်သလို ဘာဆရာညာဆရာမဟုတ်ပါ
ဘဝကံအကျိုးပေးအရ သူများနိင်ငံမှာ အလုပ်လုပ်
ငွေရှာနေရတဲ့သူတစ်ယောက်ပါ။
ဒါပေမယ့် ကျန်တော် ဘဝအတွက်တော့ ရုန်းထွက်နိင်အောင်
ကြိုးစားနေသူတစ်ယောက်ဆိုလဲမမှားပါဘူး။
ဒါကြောင့်အမှားတစ်စုံတစ်ရာ အခုပို့လေးမှာ ပါရှိခဲ့သော်
အကောင်းမြင်စိတ်လေးနဲ့ ခွင့်လွတ်ပေးပါခင်ဗျာ။
အားလုံးပဲ လိုရာပန်းတိုင်ကို မှန်ကန်စွာရွေး
လျောက်လှမ်းနိင်ပါစေသား.....
**http://softwarenantaw.blogspot.com**
**** http://soelaycupid.blogspot.com ****
¤¤¤ ကြိုဆိုပါ၏မိတ်ဆွေ ¤¤¤
♡♡ โซตู่ ♡♡
Comments
Post a Comment