လက်တစ်ဖက်ပြတ်သူဌေးသားနဲ့ အဘွားအို
ချစ်သူငယ်ချင်း မိတ်ဆွေအပေါင်းတို့ ဒီပုံပြင်လေးကိုအချိန်
အနည်းငယ်ပေးပြီး ဖက်ပေးပါ
ပြီးလျှင် တက်လူတွေအတွက်ပြန်မျှဝေပေးပါရန်လေးစားစွာ
တောင်းဆိုအပ်ပါသည်။
👦 chitthu 👨
* * လက်တစ်ဖက်ပြတ်သူဌေးသားနင့် အဘွားအို * *
ဟိုရှေးရှေ့တုန်းကပေါ့
ရွာတစ်ရွာမှာ မောင်ညိုဆိုသူ လူလတ်လတ်ပိုင်း ကောင်လေး
တစ်ယောက်ရှိ၏။ထိုသူငယ်သည်ဘဝကံအကျိုးပေးမကောင်း
သောကြောင်ယခုဘဝတွင် မိဘဆွေမျိုး ညီကိုမောင်နှမတွေ
အားလုံး မရှိကြတော့ပေ။ နောက်ပြီးလက်တစ်ဖက်မှာလည်း
မွေးရာပါ မပါပေ။ ချို့တဲ့သူတစ်ယောက်အဖို့ အလုပအကိုင်လဲ
မရှိ စားစရာလဲမရှိ အိပ်စရာလဲမရှိပေ။
မိမိဝမ်းစာအတွက်တောင်းရမ်းကာစားသောက်ကာအသက်
ဆက်နေရ၏။တစ်နေ့တ၌ ဗိုက်ဆာလွန်းသဖြင့် မိန်းမကြီးတစ်
ယောက်နေသောအိမ်တစ်အိမ်သို့ သွားရောက်တောင်းရမ်းမိ
တယ်။ ထိုအခါထိုမိန်းမကြီးက သူ့ကို အိမ်ရှေ့က အုတ်ပုံကို
အိမ်နောက်ဖေးကို ရွေ့ပေးပါလိုပြောတယ်။ ထိုအခါ မောင်ညို
သည် ထိုမိန်းမကြီးကိုစိတ်ဆိုးပြီး ပြောလိုက်တယ်။
ကျန်တော်မှာလက်တစ်ဖက်မှမပါတာ အုတ်တွေအများကြီး
ဘယ်လိုရွေ့ရမှာလဲတဲ့..
ထိုအခါ မိန်းမကြီးက သူလက်တစ်ဖက်နဲ့အုတ်ခဲတစ်လုံးကို
ကောက်ယူကာအိမ်နောက်ဖေးသို့ သွားထားပြ၏။
ထိုအခါ မှာ ဗိုက်ကလည်းစာနေသူမို့ ထမင်းစားရဖို့အတွက်
သူလုပ်ရတော့သည်။ အချိန်က ကိုးနာရီမို့ နေကလည်းပူနေ
တယ်။ နေပူထဲမှာ ချွေးတစ်ရွဲရွဲ နှင့် အုတ်များကို ရှိသောလက်
တစ်ဖက်နှင့် ရွေ့နေ၏။ အချိန်တွေတစ်ဖြည်းဖြည်း ကုန်လာ
ပြီးနေ့လယ်ဆယ့်တစ်ခွဲလောက်ရောက်လာပြီ။
အုတ်များလဲ နည်းနည်းသာကျန်တော့၏။ နေ့လယ်ဆယ်နစ်ခွဲ
အရောက်တွင် အုတ်များအားလုံးကိုရွေ့ပြီးသွားပြီ။
ထိုအခါ
မိန်းမကြီးလဲ အိမ်ပေါ်မှဆင်းလာကာ သောက်ရေ၊ ချွေးများ
သုတ်ရန် သဘက်နှင့် ပိုက်ဆံနှစ်ထောင်အား သူအားပေး၏။
သူအရမ်းပျော်သွားတယ် ဘာလို့လဲဆိုတော့ သာမာန်လူတစ်
ယောက်တစ်နေ့စာ ပုံမှန်ဝင်ငွမှာ နစ်ထောင်ပင်။
သူကျေးဇူးတင်လွန်းသဖြင့် မိန်းမကြီးအား ကျေးဇူးတင်စကား
ပြောတယ်။
ထိုအခါ
မိန်းမကြီးက မလိုပါဘူး ဒါမငွးရဲလုပ်အားခကိုငါပေး
တာပဲလိုပြောလိုက်တယ်။
ထိုစကားမှာ သာမာန်သူတွေအတွက် ဘာမှမဟုတ်ပေမယ့်
ချို့တဲ့သူ သူ့အဖို့အရမ်းတန်ဖိုးထားမိတယ်။
သူရဲ့စိတ်ထဲမှာလဲ ကြိုးစားခြင်စိတ်ဖြစ်လာအောင် ဖြစ်လာတယ်။
ဒီလိုနဲ့မောင်ညိုဟာ မိန်းမကြီးနှုတ်ဆက်ကာ အဝေးသို့ထွက်ခွာ
သွားတယ်။
ထို့နောက်
တစ်နစ်လည်းပြန်မလာနစ်နစ်လည်းပြန်မလာမောင်ညို
တစ်ယောက်ပျောက်သွားတယ်။
နောင် နှစ်ဆယ်နစ်ခန့်ကြာသော်
မိန်းမကြီးဟာလဲ အသက်အရွယ်အိုမင်းလာပြီ
တစ်နေ့တစ်၌
အဘွားအိုအိမ်ရှေ့သို့ ခေါတ်ပေါ်သားအကောင်း
စားတစ်စီးလာရပ်တယ်။ကားပေါ်မှာ အဝတ်အစား
တောက်ပြောင်ပြောင် ခန့်ခန့်ညားညားနဲ့ လူတစ်
ယောက်ဆင်းလာ၏။
ထိုသူသည်တစ်ခြားသူမဟုတ် တစ်ချိန်က
အဘွားအိုဆီမှာအုတ်သယ်ခဲတဲ့ သူ
မောင်ညိုပင်။
သူသည်အဖွားအိုထံသို့သွားကာ အဘွား
ကျန်တော်ကိုမှတ်မိလားဟုမေးတယ်
ထိုအခု အဘွားအိုက
မမှတ်မိဘူးကွဲ..
ထိုအခါမောင်ညိုက အကျိုးအကြောင်းကို
ရှင်းပြကာ အခုလာရခြင်းမှာလည်းအဘွား
ကိုလာရောက်ကန်တော့တာဖြစ်ကြောင်း
ပြောလေတယ်
ထိုအခါအဘွားအိုက
ငါတူ မင်းကြိုးစားလို့မင်းအောင်မြင်တာပါ
အဘွားနဲ့မဆိုပါဘူးလိုပြောလိုက်တယ်
မောင်ညိုဟာလည်း အဘွားအိုကို ကန်တော့
ကာ ခေါတ်ပေါ်ကားလေးပေါ်တက်ကာ အဝေး
သို့ထွက်ခွာပျောက်ကွယ်သွားလေ၏။
ပုံပြင်လေးကတော့ဒါပါပဲ
ဒီပုံပြင်လေးကနေချစ်သူငယ်ချင်းတွေကို
ပြောလိုတာက မိမိဘဝကို မိမိသာ
ပိုင်၏။မရှိလို့၊ မသိလို့၊ မမြင်လို့၊
ချို့တဲ့လို့ဆိုပြီး ဒီအတိုင်းနေနေရင်
သင်ဘဝက ဒီအတိုင်းပဲနေမှာပဲ
ဘာမှဖြစ်လာမှာမဟုတ်ဘူး
အခုပုံပြင်လေးထဲကဇာတ်ဆောင်
မောင်ညိုလိုပေါ့ ချို့တာတာကို
အကြောင်းပြုပြီး မကြိုးစားတော့
သူဘဝအများ ထက်နိမ့်ကျတဲ့နေ
ရာရောက်ရတာပေါ့။
ဒါပေမယ့် မိန်းမကြီးရဲ့ မင်းကြိုးစားလို့
မင်းရတာ ဆိုတဲ့စကားလေးကြောင့်
ဇွဲ၊ လုံ့လ၊ ဝရိယ ရိုးသားသားမူနဲ့ သူ့
ဘဝကိုကြိုးစားသွားတာ နောက်ဆုံး
သူဌေးသူကြွယ်တစ်ယောက်ဖြစ်လာတယ်။
သူငယ်ချင်းတို့ကို့ပြောလိုတာက
လက်တစ်ဖက်မရှိသူ မောင်ပေါက်တောင်
သူဘဝကို အောင်မြင်အောင်ကြိုးစားနိင်
တာ သူငယ်ချင်းတို့ကျန်တော်တို့က
ဘာလို့ဘဝကြီးကို အောင်မြင်အောင်မလုပ်
နိင်ရမှာလဲ၊ ရိုးသား ကြိုးစားပြီး ရည်ရွယ်ချက်
တစ်ခုကို အခုချက်ချင်း ချမှတိလိုက်ပါ။
ပြီးတော့ ရည်ရွယ်ချက်ကိုအကာင်အထည်
ဖော်ဆောင်ဖို့ ဇွဲ၊လုံ့လ၊ဝရိယ နဲ့အရာရာကို
ကျော်ဖြတ်ပါ။
ဒါပေမယ်ဗျာ
တစ်ရာလို နစ်ဆယ်လောက်တော့စွန့်ရမှာပေါ့။
အောင်မြင်လိုရင် ကြိုးစာအားထုတ်မူတော့
ပြုရမှာပေါ့မဟုတ်လားဗျာ။
အားလုံးသောသူငယ်ချင်းတို့လဲ
ရည်မှန်းချက်ရှိက စိတ်မှာဒီလို
ကောက်ချက်ချလိုက်ပါ
ငါအောင်မြင်မူကိုတစ်နေ့ရကိုရရမယ်လို့ပေါ့။
ပြောတဲအတိုင်းလဲကြိုးစားပေးပါ။
အားလုံးသောချစ်သူငယ်ချင်းတို့အားလုံး
မိမိဘဝကို မိမိလိုရာ အောင်အောင်မြင်
မြင်ဖန်တီးနိင်ကြပါစေလို့ကျန်တော် ဆုတောင်း
မေတ္တာပို့သပေးပါတယ်။
**မိတ်ဆွေ လောကမှာမရနိင်တာမရှိပါဘူး မရနိင်ဘူးဆိုပြီး အရူံးပေးနေမယ်ဆိုရင်တော့ မိတ်ဆွေ သင့်အမှားပဲ **
http://soelaycupid.blogspot.com
ကြိုဆိုပါ၏
အမှားများပါခဲ့ရင်ခွင့်လွတ်ပေးပါနော်
Comments
Post a Comment